ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွား ၁၆၃၆ ဦးအား လူမှုရေးပင်စင် သိန်းလေးရာ့ကိုးဆယ်ကျော်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွား ၁၆၃၆ ဦးအား လူမှုရေးပင်စင် သိန်းလေးရာ့ကိုးဆယ်ကျော်ထောက်ပံ့

 




MNP - စက်တင်ဘာ   ၂၂


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၁၆၃၆ ဦးအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သိန်းလေးရာကိုးဆယ်ကျော်ကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။


လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်အနေဖြင့် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူ့အဖွဲ့အစည်းအတွင်းတန်ဖိုးရှိလှသည့် သက်ကြီးရွယ်အိုအဘိုး၊အဘွားများကို နိုင်ငံတော်အစိုးရမှ လူမှုရေးပင်စင်အနေဖြင့် တန်ဖိုးထားထောက်ပံ့ပေးခြင်းဖြစ်ပြီး အကျုံးဝင်သူ၊ အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားတိုင်း ခံစားရရှိစေရေး သက်ဆိုင်ရာလူမှုဝန်ထမ်း ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စ၍ ယနေ့ထိ ပုံမှန်ထောက်ပံ့ပေးနိုင်ခဲ့သည့်အပြင် ကိုဗစ်-၁၉ ထပ်ဆောင်းထောက်ပံ့ခြင်းကိုလည်း ဆောင်ရွက်ပေး နိုင်ခဲ့ကာ ယခုနှစ်အတွက် ဒုတိယအကြိမ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ်အတွင်းရှိ ဘိုးဘွားများအတွက် ထောက်ပံ့ငွေ ၄၉,၀၈၀,၀၀၀ (လေးရာကိုးဆယ်သိန်းရှစ်သောင်းကျပ်)ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ပြီး အခမ်းအနားသို့တက်ရောက်လာသော အဘိုး/အဘွားများအတွက် ဒုတိယသုံးလပတ် လူမှုရေးပင်စင်နှင့် အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အဘိုး/အဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော အဘိုး အဘွားများအား ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ ပေးသွားမည်ဖြစ်ကာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် ကရင်ပြည်နယ်အတွင်းရှိမြို့နယ်များမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွား ၅၅၁၇ ဦးအား ငွေကျပ်သိန်းပေါင်းတစ်ထောင့်ငါးရာကျော်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)