ဗန်းမော်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 




MNP -  စက်တင်ဘာ   ၃


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရဲတပ်ဖွဲ့ဝင်များအား စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းရှိ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်း ခဲ့ကြ ကြောင်း သိရသည်။


အဆိုပါစုပေါင်း သွေးလှူဒါန်းရာတွင် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး၏ ကြီးကြပ်မှုဖြင့် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁ဝဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဗန်းမော်)မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့စိတ်(ဗန်းမော်)မှ တပ်ဖွဲ့ဝင်များနှင့် ဗန်းမော်မြို့ အမှတ်(၁)မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ စုစုပေါင်းရဲတပ်ဖွဲ့ဝင်(၁၅)ဦးတို့က ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပြီး စုပေါင်းသွေး လှူဒါန်းခဲ့ကြကာ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငွေစိုးထွန်း၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးတို့က ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များအတွက် အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အားဆေးများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။


ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး၏ ကြီးကြပ်မှုဖြင့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ယနေ့နံနက် ၈ နာရီက ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ မဟာသိမ်တော်ကြီး ဘုရားဝင်းအတွင်း၌ သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်များ၊ မြက်ပင်များနှင့်အမှိုက်များကို ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များစုစုပေါင်း(၅၅)ဦးတို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)