အ-ထ-က(၇) အလုံ၌ ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ-ထ-က(၇) အလုံ၌ ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 


MNP - စက်တင်ဘာ   ၈


၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က  အလုံမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ သဇင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ  ကျောင်းကောင်စီ ဥက္ကဋ္ဌ ဦးအောင်စိုး က  ပြိုင်ပွဲကျပ်းပပြုလုပ်ခြင်းနှင့် ပတ်သတ် အမှာစကားပြောကြားခဲ့ပြီး  ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီ က  ကျေးဇူးတင်စကား ပြောကြားခဲ့သည်။  ဆက်လက်၍  ဆုချီးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ  ပထမဆု  ကျပ် ၅၀၀၀၀၊ ဒုတိယဆု ကျပ် ၃၀၀၀၀၊ တတိယဆု ကျပ် ၂၀၀၀၀နှင့် အထူးရရှိသော အသင်း(၂) သင်းအား ဆုငွေ ကျပ် ၁၀၀၀၀ စီကို တာဝန်ရှိသူများက  ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ ကျောင်းကောင်စီအဖွဲ့ဝင်များ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။


အဆိုပါ ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ (၄)ရက်ကြာ ဘောလုံးအသင်း (၅) သင်းမှ  ဝင်ရောက်ယှဉ်ပြိုင် ကျပ်းပခဲ့ကြောင်း သိရသည်။


သတင်း - တင်တင်ချို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)