ကာမိုင်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူ‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာမိုင်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူ‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

 



MNP - စက်တင်ဘာ   ၁၀


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ Grade-1, Grade-2 တန်းမှ ကလေးငယ်များအား အရောင်ရွေးချယ်တတ်စေရန်နှင့် ဉာဏ်ရည်ထက်မြက် တိုးတက်စေရန်အတွက် ဆေးရောင်ပြိုင်ပွဲ၊ စက္ကူ‌‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော Grade-1, Grade-2 တန်းမှ ကလေးငယ် (၁၅)ဦးထဲက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သူများအား မြို့ဦးစီးမှူးတာဝန်ခံ ဒေါ်ရွှေဇင်ဦးမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ပြီး စာအုပ်စာစောင်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - လဆိုင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)