ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၅


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်း(၉:၀၀)နာရီကရပ်ကွက်ကြီး(၆)ရှိ စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ  တာဝန်ရှိသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်   ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်မာအေးမှ ထောက်ပံ့ငွေများပေးအပ်ပွဲ ကျင်းပရခြင်းအားအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည် ။


ဆက်လက်ပြီး တာဝန်ရှိသူများမှ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက်(၂၃၃)ဦး၊ အသက်(၅)နှစ်အောက်ကလေး(၂၆၃)ဦး၊ ကိုယ်ဝန်ဆောင်(၃၁)ဦးနှင့် မသန်စွမ်း(၂၈) ဦး၊ စုစုပေါင်း(၅၅၅ )ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် ငွေကျပ် ၁၆,၆၅၀,၀၀၀/-တို့အား ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)