မင်းလှမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး




MNP - စက်တင်ဘာ  ၂၄


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြောက်ရပ်ကွက်နှင့် ရုံးရပ်မြောက်ပိုင်းရပ်ကွက်တို့တွင် ယနေ့နံနက် ၈ နာရီက အခြေခံစားသောက်ကုန်များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။


ထို့သို့ရောင်းချပေးရာတွင် ဆီ၂၅ ကျပ်သားတစ်ဗူး၂၀၀၀ကျပ်၊ ကြက်သွန်နီ၂၅ကျပ်သား ၅၀၀ကျပ်၊ ကြက်ဥ ၁၀လုံး ၁၅၀၀ ကျပ်တို့ဖြင့် ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး မြောက်ရပ်ကွက်မှ အခြေခံလူတန်းစားအိမ်ထောင်စု ၁၂၀အတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်းအား အလှူရှင်များဖြစ်သည့် မြောက်ရပ်ကွက်နေ ဒေါ်ခင်တိုးရီ၊ ဦးကိုင်ဇာလင်းနှင့် ဒေါ်မေသူမိသားစုတို့မှ ဆန် ၂၄ ပြည့်အိတ် ၅ လုံး၊ တန်ဖိုး‌ငွေကျပ် အလှူရှင်တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းနှစ်သိန်းကျပ်လှူဒါန်းပေးခဲ့ပြီး ရုံးရပ်မြောက်ပိုင်း ရပ်ကွက်မှ အခြေခံလူတန်းစားအိမ်ထောင်စု ၁၂၀ အတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်းအား အလှူရှင်များဖြစ်သည့် မင်းလှမြို့၊ မြို့မစခန်းမှူးဒုရဲမှူးကျော်သန်းထွဋ်နှင့် ဒေါ်သဇင်သိန်းမိသားစု၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်မှ ဦးထွေး၊ ဒေါ်သင်းသင်းကြူမိသားစုတို့မှ ဆန် ၂၄ပြည်အိတ် ၅လုံး တန်ဖိုး‌ငွေကျပ် အလှူရှင်တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း နှစ်သိန်းကျပ် လှူဒါန်းပေးခဲ့သည်။


အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် အလှူရှင်များက ဆန်များ လှူဒါန်းပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)