မြန်မာနိုင်ငံဟာ အဓိကအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို လူဦးရေပေါက်ဖွားနှုန်း အလွန်အမင်း မြင့်တက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသား ၁၃၅မျိုး အပြင် တိုင်းရင်းသားမဟုတ်သော တရုတ်၊ ကုလား များလည်း ရှိပါတယ်။ ကုလားမှာ အိန္ဒိယနွယ်ဖွားတွေနဲ့ ဘင်္ဂလားဆိုပြီး ကွဲပြားပါတယ်။
ကိုလိုနီနယ်ချဲ့အင်္ဂလိပ် လက်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်တွေရဲ့ ခေါ်သွင်းမှုကြောင့် အိန္ဒိယနိုင်ငံသားအများအပြား မြန်မာနိုင်ငံအတွင်းမှာ ရှိနေပါတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်လက်အောက်မှာ ရှိခဲ့စဉ်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုတာ မကွဲပြားသေးပါဘူး။ လွတ်လပ်ရေးရပြီးမှ အိန္ဒိယ၊ ပါကစ္စတန်ကွဲပြားသွားခဲ့ခြင်းဖြစ်ပါတယ်။ ပါကစ္စတန်ကနေမှ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်က မြန်မာနိုင်ငံအတွင်း အိန္ဒိယနိုင်ငံသားများ ခေါ်သွင်းခဲ့ပုံ၊ ဘင်္ဂလီများကို လယ်ကူလီခိုင်းဖို့ ခေါ်သွင်းခဲ့ပုံတို့ကို ဆရာမောင်သိန်းဖေ ရေးသားတဲ့ ကုလား-ဗမာတိုက်ပွဲ စာအုပ်မှာလည်း လေ့လာနိုင်ပါတယ်။ ထိုစဉ်က တိုင်းပြည်ခေါင်းဆောင်များဟာ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများတင်သွင်းခဲ့ပုံကို နှစ်စဉ် လူဝင်၊ လူထွက် စာရင်းနဲ့ မှတ်တမ်းပြုစုထားတာတွေကိုပါ ဖော်ပြနိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ သန်းနဲ့ချီတဲ့ ခိုးဝင်ကျူးကျော် နေထိုင်မှု ဖြစ်လာပြီး လူမျိုးလိမ်ဖန်တီးတောင်းဆိုမှုတွေပါ လုပ်ဆောင်လာကြပါတယ်။
မြန်မာနိုင်ငံအတွင်း မှာ တိုင်းရင်းသားမဟုတ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလီတွေ ရှိနေတဲ့ အခြေအနေမှာ တရုတ်-ဗမာ အဓိကရုဏ်းဆိုပြီး ကြီးကြီးမားမား မဖြစ်ခဲ့ဖူးပါဘူး။ တရုတ်လူမျိုးများဟာ စီးပွားရေးကို အလေးထားတယ်။ တရုတ်လူမျိုးတွေ ကြီးပွားချမ်းသာဖို့ တရုတ်သူဌေးကြီးများက ကူညီပံ့ပိုးပေးတယ်။ တရုတ်နဲ့ တိုင်းရင်းသားတွေ ဘာသာရေး၊ လူမျိုးရေးပြဿနာအလွန်နည်းပါတယ်။ လူမှုရေးပြဿနာလောက်ပဲ ရံဖန်ရံခါ ကြားရတတ်ပါတယ်။ အလားတူပါပဲ အိန္ဒိယ လို့ ဆိုနိုင်တဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့လည်း တိုင်းရင်းသားတွေ လူမျိုးရေး ဘာသာရေး ပြဿနာ နည်းပါတယ်။ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်ကျူးကျော် နေထိုင်သူ ဘင်္ဂလီမွတ်စလင်တွေအနေနဲ့တော့ ဘာသာရေး၊ လူမျိုးပြဿနာ မကြာခဏ မီးမွှေးခဲ့ကြပါတယ်။
ဆရာမောင်သိန်းဖေ ရေးသားထားတဲ့ ကုလား-ဗမာတိုက်ပွဲ စာအုပ်ဟာလည်း ဘင်္ဂလီမွတ်စလင်တွေရဲ့ လူမျိုးရေးဘာသာရေး ပြဿနာဖန်တီးမှုတွေကို အခြေခံပြီး ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဦးထွန်းအေး (နဂါးနီစာအုပ်အသင်း)၊ ဦးထွန်းရွှေ (နဂါးနီပညာသင်အကျိုးဆောင်)၊ ဦးထွန်းအုံ (တက္ကသိုလ်သမဝါယမအသင်းအကျိုးဆောင်)၊ သခင်တင်မောင် (တို့ဗမာအစည်းအရုံး)၊ ဦးအောင်ဆန်း (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အသစ် ဥက္ကဋ္ဌ)၊ ဦးဘဟိန်း (တက္ကသိုလ်သမဂ္ဂအသင်းအကျိုးဆောင်) နှင့် တက်လူခေါင်းဆောင်များဖြစ်တဲ့ ဦးထိန်ဝင်း၊ ဦးမောင်နု၊ ဦးဘဆွေတို့က ထောက်ခံချက်ပေးထားတဲ့ သမိုင်းအထောက်အထား တစ်ခုဆိုတာကိုလည်း လူငယ်အများ သိစေချင်ပါတယ်။ အဲဒီစာအုပ်ထဲမှာဆိုရင် "ရာဇဝင်သက်သေအထောက်အထားများအရ ကုလားများသည် ဗမာပြည်သို့ လာရောက်ကူးလူးနေကြသည်မှာ ရှေးခေတ်ကပင် ရှိခဲ့လေသည်။ ထိုစဉ်က လာကြသော ကုလားများမှာ ပြည်ကြီးသား ပီသကြလေသည်။ သူတို့ပြည်၌ မွန်မြတ်ကြီးပွားသော ဘာသာများကို ဗမာတိုင်းနေပြည်သားတို့ အကျိုးငှာ ဆောင်ယူခဲ့သည်။ သူတို့ပြည်တွင် စည်ပင်အောင် မြှင့်ပေးနေသည်။ ဆေးပညာ၊ ဗိသုကာပညာ၊ ပန်းချီပညာစသည်များကို ဗမာပြည် ကြီးပွားစည်ပင်အောင် ယူဆောင်ခဲ့လေသည်။ အချို့ကုလားများမှာလည်း ဗမာဘုရင်၏ စစ်သည်တော်များအဖြစ်ဖြင့် ထမ်းရွက်ရန် လာခဲ့ကြခြင်း ဖြစ်လေသည်။ ယခုခေတ်တွင် ဗမာပြည်သို့ ရောက်လာကြသော ကုလားများကား ထို အဆိုပါ ရှေးကုလားများ၏ နာမည်နှင့် ကျေးဇူးတို့ကို ဖျက်ရန် လာသည်နှင့်တူတော့သည်။" ဟု ရေးသားပြဆိုထားလေသည်။
ဆရာမောင်သိန်းဖေ ပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့ လက်တွေ့ရင်ဆိုင်နေကြရပြီဖြစ်သည်ကို တိုင်းရင်းသားပြည်သူအများ ထောက်ရှုဆင်ခြင်ကြည့်ပါလေ။
ကျွန်တော်တို့ အမျိုးသားရေးအတွက် ပြန်လည်ဆောင်ရွက်လာကြရခြင်း အကြောင်းရင်းခံမှာလည်း ရခိုင်ပြည်တွင် ရခိုင်သမီးပျိုတစ်ဦးကို ခိုးဝင်ဘင်္ဂလီများက စော်ကားသတ်ဖြတ်ခဲ့ရာမှ လူမျိုးရေးပဋိပက္ခပေါ်ပေါက်လာခဲ့ရပြီး တစ်နိုင်ငံလုံးအနှံ့ ပဋိပက္ခများပေါ်ပေါက်ခဲ့ရသည့် မှတ်တမ်းများက ဆယ်စုနှစ်တစ်ခုသာ ရှိသေးသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖျာပုံမြို့နယ်၊ ဂယက်ကြီးကျွန်း (ခ)ခတ္တာကျွန်းအနီး၌ ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့် ရေယာဉ် ၁ စီး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
သွားရောက်စစ်ဆေးခဲ့ရာ ကဒုံကလေးကျွန်းနှင့် ဂယက်ကြီးကျွန်း(ခ)ခတ္တာကျွန်းကြားတွင် အလျား ၃၈ ပေ၊ ဗျက် ၁၀ ပေရှိသော ငါးဖမ်းစက်လှေ ၁ စီးအား ကျော်ဇောလင်း(၃၇)နှစ် (ဘ) ဦးကျော်ဝင်း၊ စက်လှေမောင်း၊ ကွင်းဝိုင်းကျေးရွာ သံတွဲမြို့နယ်၊ မျိုးချစ်ဦး(၁၈)နှစ် (ဘ)ဦးမြတ်ဝိုင်း၊ လှေလုပ်သား၊ လိပ်ကျောက်ရကျေးရွာ၊ မင်းပြားမြို့နယ်၊ သန်းဝင်း(၃၅)နှစ် (ဘ)ဦးကျော်အေး၊ လှေလုပ်သား၊ ပေါက်တောမြို့နှင့် မြင့်ရွှေ (၅၂)နှစ် (ဘ)ဦးစံသိန်း၊ လှေလုပ်သား၊ သစ်ပုတ်တောင်ကျေးရွာ၊ ရမ်းဗြဲမြို့နယ်နေသူတို့ ၄ ဦးနှင့်အတူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၆၅ ဦးတို့အား ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် စက်လှေမောင်းဖြစ်သူ ကျော်ဇောလင်းအား စစ်မေးရာ ၎င်းသည် စစ်တွေမြို့နေ ဦးစီမန်(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ယခုသယ်ဆောင်လာသူ ဘင်္ဂါလီလူမျိုး ၆၅ ဦးတို့အား စစ်တွေမြို့မှ ပုသိမ်မြို့၊ ငွေသောင်ယံကမ်းခြေသို့ စက်လှေဖြင့် ပို့ဆောင်ရန် ငွေကျပ် ၂၀၀ သိန်းဖြင့် သဘောတူပြီး စရံငွေစက်လှေ ငှားရမ်းခ ၂၅ သိန်းအား ဦးစီမန်မှ ပေးခဲ့ကြောင်း၊ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်တွေမြို့မဈေးဆိပ်ကမ်း၌ ဘင်္ဂါလီလူမျိုး ၆၅ ဦးတို့အား သယ်ဆောင်ကာ စစ်တွေမှ ပင်လယ်ပြင်အတိုင်း ကျောက်ဖြူ-မန်အောင်-ငပလီ-သံတွဲတို့ကို ဖြတ်သန်းမောင်းနှင်ပြီး ရွှေသောင်ယံအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဦးစီမန်မှ ဖုန်းဆက်ကာ ရွှေသောင်ယံတွင် ကမ်းကပ်၍မရကြောင်း GPS ဖြင့် ပွိုင့် ၇ ပွိုင့်ပေးပြီး မောင်းနှင်ခိုင်းသဖြင့် မောင်းနှင်ခဲ့ရာ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကဒုံကနိကျွန်းသာယာအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားပြီး ဦးစီမန် စေလွှတ်သည့်အဖွဲ့အား စောင့်ဆိုင်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂလီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှုကြောင့် ပြဿနာများ၏ နောက်ဆက်တွဲအဖြစ် ကျွန်တော်တို့သည် ရခိုင်တိုင်းရင်းသားများနှင့် လက်တွဲ၍ အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ ခိုးဝင်ဘင်္ဂလီများကို မြန်မာပြည်အတွင်း ပျံ့နှံ့နေထိုင်နိုင်စေရန် ရခိုင်တိုင်းရင်းသားများက ပို့ပေးသည်ကို တွေ့ရသည်ဖြစ်ရာ ရင်နာမိသည်။ ရခိုင်မျိုးချစ်များနှင့် ကျွန်ုပ်တို့ လက်တွဲခဲ့စဉ်က ရခိုင်မျိုးချစ်များက "ရခိုင်ပြည်အရေးဟာ ရခိုင်တွေရဲ့ အရေးမဟုတ်ဘူး။ တစ်ပြည်လုံးရဲ့ အရေးဖြစ်တယ်။ ရခိုင်ပြို ဗမာငိုလိမ့်" ဟု ပင် ပြောကြပါသည်။
ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ခိုးဝင်ဘင်္ဂလီစက်လေတစ်စီး ပုသိမ်မြို့သို့ စိုက်ကပ်လာဖြင့် အမျိုးသားရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြရသည်။ နောက်ပိုင်းတွင်လည်း ဘိုကလေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဖျာပုံမြို့နယ်များအတွင်း ခိုးဝင်ဘင်္ဂလီများ မကြာခဏ ဖမ်းဆီးရမိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ခိုးဝင်ဘင်္ဂလီများစက်လှေဖြင့် အဆင့်ဆင့် ဖြတ်သန်းဝင်ရောက်လာသည်ကို အဂတိလိုက်စား၍ လက်ခံနေထိုင်ခွင့်ပေးခဲ့သော မှတ်တမ်းများလည်း ရှိပါသည်။ လပွတ္တာမြို့နယ်ထဲတွင် ကုလားရွာများ ရှိနေခြင်းသည် အထက်ဖော်ပြပါအတိုင်း စက်လှေဖြင့် ခိုးဝင်လာပြီး တာဝန်ရှိသူများက ငွေကြေးတံစိုးလက်ဆောင်ပေးကမ်းကာ နေထိုင်လာခြင်းမှ အစပြု၍ ကျေးရွာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ခိုးဝင်ဘင်္ဂလီများသည် ငွေကြေးကို အသုံးပြု၍ တိုင်းရင်းသားများကိုပင် အသုံးချကာ မြန်မာပြည်အနှံ့ ခိုးဝင်နေထိုင်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးကို ခိုးဝင်ပေါက်အဖြစ် မှတ်ယူလာသည်ကို သတိပြုသင့်ပေသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၏ အမျိုးသားရေးအလေးထားမှု၊ ဥပဒေနှင့်အညီ အလေးထားဆောင်ရွက်ခြင်း မရှိလျှင် သန်းနှင့်ချီသော ဘင်္ဂလီများ ဧရာဝတီတိုင်းဒေသကြီးမှ တဆင့် အနယ်နယ်အရပ်သို့ ထပ်မံ ပျံ့နှံ့လာပေလိမ့်မည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ဒေသခံ ဗမာ၊ ကရင် တိုင်းရင်းသားများအနေဖြင့် ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်ဆိုစကားနှင့် အညီ မိမိတို့၏ လူမှုစီးပွားဘဝအတွက် ရုန်းကန်ကြိုးစားရင်း တစ်ဖက်မှ အမျိုးသားရေးအတွက် လွန်စွာအန္တရာယ်ကြီးမားသော ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်ရောက်ရှိလာမှုကိုလည်း အထူးသတိပြု၍ ကာကွယ်ကြရန် အလေးထား တင်ပြလိုက်ရပါသည်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment