ဖျာပုံခရိုင်(၄) မြို့နယ်မိုးရာသီအသက်(၁၆)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံခရိုင်(၄) မြို့နယ်မိုးရာသီအသက်(၁၆)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဖျာပုံခရိုင်(၄) မြို့နယ်မိုးရာသီ အသက် (၁၆)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ (၄)မြို့နယ် မိုးရာသီအသက် (၁၆)နှစ်အောက်အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကျိုက်လတ်မြို့နယ် ဘောလုံးအသင်းနှင့် ဒေးဒရဲမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ဒေးဒရဲမြို့နယ် ဘောလုံးအသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး၊ တတိယနေရာလုပွဲအဖြစ် ဘိုကလေးမြို့နယ် ဘောလုံး အသင်းက ဖျာပုံမြို့နယ် ဘောလုံးအသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကစားသမားများအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကြ ရန်လိုကြောင်း နိုင်ငံတော်မှ အားထားရသော မျိုဆက်သစ် အားကစားသမားကောင်းများဖြစ်အောင် ကြိုစား ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက်ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုရ ဒေးဒရဲမြို့နယ် ဘောလုံးအသင်းအား ငွေသားနှင့် ဆုတံဆိပ်ကို ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း၊ ဒုတိယဆုရ ကျိုက်လတ်အသင်းကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်လင်းက လည်းကောင်း၊ တတိယဆုရ ဘိုကလေး အသင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦးကလည်းကောင်း၊ ဖျာပုံခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်က နှစ်သိမ့်ဆုရ ဖျာပုံမြို့နယ် ဘောလုံးအသင်းကို လည်းကောင်း ငွေသားနှင့် ဆုတံဆိပ်တို့အား အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)