MNP - စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးတွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သား/ငါးဈေးရုံ အဆောက်အအုံပေါ် သစ်ခြောက်ပင် ကျိုးကျမှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်လာသူများ အန္တရာယ် ကင်းဝေးစေရန်အတွက် ပြည်သူ့အကျိုးပြု သွားရောက်ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရုံအဆောက်အအုံပေါ် ကျိုးကျသည့် သစ်ခြောက်ပင်ကြီးအား သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံမြို့နယ် မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများနှင့်အတူ မိုးရွာသွန်းမှုကြောင့် သား/ငါးတန်း ဈေးရုံအဆောက်အအုံပေါ ကျိုးကျနေသည့် သစ်ခြောက်ပင်ကြီးအား ဈေးသည်များနှင့် ဈေးဝယ် လာပြည်သူများ အန္တရာယ်ကင်းဝေးစေရေးအတွက် ချိန်းဆောဖြင့် စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းသစ်ခြောက်ပင်ကျိုးကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment