ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေး



MNP - စက်တင်ဘာ   ၂၈


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများကို၊ ယမန်နေ့နံနက် (၉) နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဦးစီးအရာရှိ ဒေါက်တာမီမီသက်နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်၍ အမှတ် (၁) အ.ထ.ကရှ ိကျောင်းသူအမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် ကျောင်းသား/ကျောင်းသူများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာ ကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးများထိုးနှံရာတွင် အသက်(၁၂)နှစ်အောက် ကျောင်းသူ အမျိုးသမီးငယ် (၉၉) ဦးကို သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်း၌ ဖြစ်ပွားတတ်သော ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့် (Human Papilloma Vitus) (HPV) ထိုးနှံပေးခြင်း၊ ကျောင်းသား/ ကျောင်းသူ (၁၃၃) ဦး တို့ကို ပုံမှန်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူ (၂၅၉) ဦးကို ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်မိခင်းနှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဒေါ်မီမီသက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)