ကျိုက်ထိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် စာစီစာကုံး နှင့်ကဗျာပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကျိုက်ထိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် စာစီစာကုံး နှင့်ကဗျာပြိုင်ပွဲကျင်းပ

027

028

029


MNP ၊ စက်တင်ဘာ ၄

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင်ရောက်မည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ နှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ငွေရတုဆောင် ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာလူကုန်ကူးမှု တားဆီးကာကွယ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ မစတင်မီ အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်မည့် အထက်တန်းပြ ဆရာမဒေါ်လင်းသီရိထက်မှ ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုစတင်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်(၈)ဦး၊ အလယ်တန်းအဆင့်(၁၀)ဦး ပေါင်း(၁၈)ဦး၊ ကဗျာရေးသားယှဉ်ပြိုင်ပွဲတွင် အထက်တန်း အဆင့်(၈)ဦး၊ အလယ်တန်းအဆင့် (၅)ဦး ပေါင်း (၁၃)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းသို့ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား ကျောင်းသူများအားအထက် တန်းပြ ဆရာမ ဒေါ်လင်းသီရိထက်နှင့် အထက်တန်းပြ ဆရာမဒေါ်စမ်းစမ်းအေး တို့က ကြီးကြပ်သူအဖြစ်တာဝန်ယူပြီး အချိန်(၂)နာရီကြာ ယှဉ်ပြိုင်စေခဲ့သည်။

ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ကျောင်းသားကျောင်းသူများ၏အောင်မှတ်ရစာရင်းအားအကဲဖြတ် ဆရာ/ဆရာမ များကဆုံးဖြတ်၍ စက်တင်ဘာ (၅)ရက်နံနက် ပိုင်းတွင်ထုတ်ပြန်ကာ ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages