မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

 



MNP - စက်တင်ဘာ   ၈


မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျင်းပရေးလုပ်ငန်း ကော်မတီဝင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်မှ ပြိုင်ပွဲကျင်းပမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။


ထို့နောက် ဆုရရှိကြသည့် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ်တေး အဆိုပြိုင်ပွဲတွင် ပထဆု၊ ဒုတိယဆု၊ တတတိယဆု ရရှိ သူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အခြေခံပညာအဆင့် အသက် (၁၀ မှ ၁၅) နှစ်၊ အသက် (၁၅ မှ ၂၀) နှစ်၊ ဝါသနာရှင် (ပထမ) (ဒုတိယ) အဆင့်တို့၌ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ အတီးပြိုင်ပွဲ၊ မွန်တိုင်းရင်းသား အဆိုပြိုင်ပွဲနှင့် မွန်ယိမ်းအက ပြိုင်ပွဲတို့တွင် ပထဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။


ထို့နောက် ဆုရရှိကြသည့် ပြိုင်ပွဲဝင်များက  ခေတ်ဟောင်းကာလပေါ်တေး၊ ပြဌာန်းတေးများ၊ အကအလှများနှင့် မွန်တိုင်းရင်းသားယိမ်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ ဖျော်ဖြေတင်ဆက်သည့် အနုပညာရှင်များအား ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုပန်းခြင်းနှင့် ပြိုင်ပွဲဝင် အသင်းခေါင်းဆောင်အား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။


မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကို မော်လမြိုင်မြို့၊  ပြည်နယ်ခန်းမ၊ မော်လမြိုင်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စက်တင် ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးချယ်ထားသည့် ဆုရပြိုင်ပွဲဝင်များကို ဗဟိုအဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စေလွှတ်၍  သွား‌ရောက်ယှဉ်ပြိုင်စေ မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)