ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်း




MNP - စက်တင်ဘာ  ၆


ဝါတွင်းကာလ ဝါဆို၊ဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆားများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ သီရိမဏ္ဍိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ဆီ၊ ဆေး၊ ဆားများ သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီရိမဏ္ဍိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒေါဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာ တော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဇယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်က သီရိမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတွင် သီးတင်းသုံး နေထိုင်တော်မူသော သံဃာတော် ၁၆၀ ပါးအတွက် ဆွမ်းဆန်တော် ၄၀ အိတ်၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။


အလားတူ ဘားအံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်း ၇၅ ကျောင်းမှ သံဃာ/သီလရှင် စုစုပေါင်း ၃၄၈၁ ပါးအတွက် တစ်ပါးလျှင် ဆန် ၆ ပြည်နှုန်းဖြင့် ဆန်အိတ်ပေါင်း ၈၇၀ အိတ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းများအလိုက် လိုက်လံဆက်ကပ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)