ကျွန်းလှမြို့နယ်၌ ဦးတည်အုပ်စုပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ဦးတည်အုပ်စုပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP - စက်တင်ဘာ   ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဦးတည်အုပ်စုပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ပြည်သူများအား Myancopharm ဆေးကိုလည်းကောင်း၊ အသက် ၁၈ နှစ်အထက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်အဖြစ် Sinovac ဆေးကိုလည်းကောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Covaxin ဆေးတို့ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် ပြည်သူများပူးပေါင်းပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)