မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်စေရေး စိုက်ပျိုးထုတ်လုပ်သွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်စေရေး စိုက်ပျိုးထုတ်လုပ်သွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး



MNP - စက်တင်ဘာ   ၂၂    


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးထုတ်လုပ်သွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များအတွင်းရှိ  ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မျိုးစေ့ထုတ် မိုးနှောင်းချည်မျှင်ရှည်ဝါများကို မိတ္ထီလာမြို့နယ်တွင် ၁၇၇ ဧက၊ မလှိုင်မြို့နယ်တွင် ဧက ၂၀၀၊ သာစည်မြို့နယ်တွင် ဧက ၂၀၀ နှင့် ဝမ်းတွင်းမြို့နယ်တွင် ၂၄၄ ဧက စိုက်ပျိုးထုတ်လုပ်သွားရန် သတ်မှတ်လျာထားခဲ့ရာ ၎င်းမျိုးစေ့ထုတ် မိုးနှောင်းချည်မျှင်ရှည်ဝါများကို ဒေသခံတောင်သူများက ဇူလိုင်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာတွင်လည်း  ချည်မျှင်ရှည်ဝါ ရွှေတောင် - ၈ နှင့် ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ ဝါမျိုးများကို စိုက်ပျိုးလျက်ရှိရာ ၎င်းမျိုးစေ့ထုတ် မိုးနှောင်းချည်မျှင်ရှည်စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်သည့်နေရာမှာ တစ်ဧက အထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံတောင်သူများအား အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည် ဝါကို မိုးကြိုနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံတောင်သူများအနေဖြင့် ကိုယ့်မျိုးကို ထားသည့်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်ရာတွင် နားလည်တတ်ကျွမ်းစေရေး စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေး သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)