ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၂)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၂)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်



MNP - စက်တင်ဘာ   ၂၁


ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)အား ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌများက video conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ကိုဗစ်-၁၉ ရောဂါ ပြန်လည်တွေ့ရှိလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ သက်တမ်းမကုန်မီ အချိန်မီထိုးနှံပြီးစီးစေရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံခြင်းများ ဆောင်ရွက်ပေးသည့်အပြင် Booster dose ထပ်ဆောင်းကာကွယ်ဆေး၊ Additional booster dose အပိုထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးသည် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများနှင့် ထပ်ဆောင်းအပိုကာကွယ်ဆေး ထိုးနှံပြီးသူများတွင် ကူးစက်မှုနည်းပါးသည်ကို တွေ့ရှိရ၍ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မပြက် ဆက်လက်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကိုဗစ်-၁‌၉ ရောဂါဖြစ်ပွားမှု၊ ကုသမှုနှင့်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား ကော်မတီဝင်များက သုံးသပ်ဆွေးနွေးပေးလိုကြောင်း”ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံများ၌ ကုသပေးနေမှု အခြေအနေများနှင့် ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု အခြေအနေများအား ဆွေးနွေးတင်ပြသည်။ ယင်းနောက် ခရိုင်ကိုဗစ်-၁‌၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့များဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)