ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ နှင့်တွေ့ဆုံ၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ နှင့်တွေ့ဆုံ၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

 




MNP - စက်တင်ဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို  အဖွဲ့များ ခွဲ၍ ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့  နံနက်တွင်  အမှတ် ၂ ရပ်ကွက်ရှိ ဧရာသီရိသုခခန်းမ ၌ မြို့ပေါ် ရပ်ကွက်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာလုပ်ငန်းများအသိပညာပေး ဟောပြော ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် (၁) ဗိုလ်မှူး နိုင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး စိုးကြည် ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၊ မြို့နယ်လဝကဦးစီးမှူး ဦးကျော်ဆွေ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက ဧရာသီရိသုခခန်းမတွင် လုံခြုံရေး၊ ပညာရေး၊ စိုက်ပျိုးရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်း ပြော ကြားပြီးနောက် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၏တင်ပြချက်၊  လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)