သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ  ၂၄


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက သာယာဝတီခရိုင် မီးသတ်ဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ဒီကနေ့ ဟာဆိုရင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်မှာ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးမြောက်တဲ့နေ့ပဲဖြစ်တယ်။ ဒီလိုနေ့မြတ်အခါသမယမှာ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအရာရှိများ၊ နည်းပြများနှင့် သင်တန်းသားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ပထမဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဒီသင်တန်းကို မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် “ ဒီလိုဘေးအန္တရာယ်ကို မီးသတ်တပ်ဖွဲ့ဝင် တွေနှင့်အတူ ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြရမည့် / မိတ်ဖက်အဖွဲ့အစည်းလည်းဖြစ်တဲ့ ပရဟိတ/ လူမှုရေးအသင်း/ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မား လာစေရန်နှင့် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ခေတ်မီ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြု တတ်စေရန်နဲ့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့် သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများဟာ မိမိတို့မြို့နယ်‌များကို ပြန်လည်ရောက်ရှိတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ပရဟိတစိတ်ကိုအရင်းခံပြီး အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် မိမိတို့ကျရာအခန်းကဏ္ဍက‌နေ မိမိတို့ရဲ့ ရည်မှန်းချက်တာဝန်များနဲ့ လုပ်ငန်းတာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက် သွားကြပါလို့ ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)