မင်းတပ်မြို့၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတပ်မြို့၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ



MNP - စက်တင်ဘာ   ၉


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာလေးများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသော လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးသန်းနှင့် အဖွဲ့ဝင်များက မင်းတပ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၇၄)ကျောင်းတွင် ဝါဆိုတော် မူကြသော ရဟန်းတော်(၇၅)ပါး၊ ရှင်သာမဏေ(၆၂)ပါးနှင့် ဝါဆိုသီလရှင်(၆)ပါး စုစုပေါင်း (၁၂၅)ပါးတို့အား ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း သော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသော လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မင်းတပ်မြို့ မေတ္တာစမ်းရေဘိုးဘွား ရိပ်သာ တွင် နေထိုင်ကြသော ဘိုးဘွား (၂၁)ဦးအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)