တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၆


တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏(၂/၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ထား ဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စားသုံးသူရေးရာလုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ၂၀၂၂ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် လျာထားဆောင်ရွက်ချက်များထက်ကျော်လွန်အောင် ဆောင်ရွက် ထားရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ  စားသုံးသူများ သက်သာသောနှုန်းထားဖြင့် စားသုံးသူများဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ကုန်သွယ်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဦးစီးပြီးဒေသအတွင်း စားအုန်းဆီများကို ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အနေဖြင့် မြန်မာနိုင်ငံကုန်သွယ်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူလုပ်ငန်းများဆောင်ရွက်ရာတွင် ကော်မတီဝင်များအနေဖြင့် အခက်အခဲများရှိပါက တင်ပြပေးကြရန်၊  သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်လည်း ချိတ်ဆက်၍ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့် စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးစီးပွားရေးရာ ဝန်ကြီး ဦးမောင်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)