ပန်းတောင်းမြို့နယ် ရဲမှုထမ်းဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ရဲမှုထမ်းဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်



MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့မရဲစခန်းတွင်  ရဲမှုထမ်းဟောင်းများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်မှ မိတ်ဆက်ကာ အဖွင့်အမှာစကားပြောကြားပြီး ရဲမှုထမ်းဟောင်းများအသင်းဖွဲ့သည် နိုင်ငံတော်မှတရားဝင်အသိမှတ်ပြုအဖွဲ့အစည်းဖြစ်ကြောင်း ရှေ့ဆက်၍ ရဲမှုထမ်းဟောင်းများနှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် တစ်လလျှင်(၂)ကြိမ် (၃)ကြိမ်ခန့် တွေ့ဆုံဆွေးနွေးရင်းနှီးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ပန်းတောင်းမြို့နယ် ရဲမှုထမ်းဟောင်းဥက္ကဋ္ဌ ရဲမှူး(ငြိမ်း)ဦးတင်အုန်းမှ ရဲမှုထမ်းဟောင်းများနှင့် တစ်ဦးချင်းစီအား မိတ်ဆက်ပေးခဲ့ပြီး ယခင်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့်အတိုင်း ယခုတွင်လည်း ရဲတပ်ဖွဲ့နှင့်ပေါင်းစပ်စည်းလုံး၍ ရှေ့ဆက်သွားရန် ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမင်းနှင့် အရာရှိတပ်ဖွဲ့ဝင်များ ရဲမှုထမ်းဟောင်း ရဲမှူး(ငြိမ်း)ဦးတင်အုန်းနှင့် ရဲမှုထမ်းဟောင်းများ တက်ရောက်ခဲ့ကြသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)