ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များမှ စားအုန်းဆီ(၅၀)သားလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များမှ စားအုန်းဆီ(၅၀)သားလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ

13


MNP - စက်တင်ဘာ  ၉


နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းကြီးကြပ်မှု များဖြင့် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ကြီးများမှ သတ်မှတ်ရက် များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား သက်သာသောဈေးနှုန်းများဖြင့် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁)နာရီ၌ အမှတ်(၆)ရပ်ကွက်တွင်  ဆီပိဿာချိန်(၁၁၀)အား သွားရောက်ရောင်းချပေးခဲ့ သည်။


ရောင်းချရာတွင် စားအုန်းဆီ(၅၀)သား ပါရှိသည့် ဆီ(၁)ဘူးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး ရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သတ်မှတ်ရက်များအလိုက် အခြားသော ရပ်ကွက်များထံသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages