ရှန်ဟိုင်းပူးပေါင်းအဖွဲ့တွင် မြန်မာပါဝင်ရေး စဉ်းစားမည်ဟု ရုရှားပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှန်ဟိုင်းပူးပေါင်းအဖွဲ့တွင် မြန်မာပါဝင်ရေး စဉ်းစားမည်ဟု ရုရှားပြော


MNP ၊ စက်တင်ဘာ ၁၄

တရုတ်နှင့် ရုရှားတို ဦးဆောင်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (SOC) တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် မြန်မာ၏လျှောက်ထားမှုကို လာမည့်ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ယခုလ ၁၅ ရက်မှစ၍ နှစ်ရက်တာ ကျင်းပမည့် ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် မြန်မာ၏လျှောက်ထားမှုအပေါ် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ရုရှား သမ္မတ၏ SOC ရေးရာအထူးသံ Bakhtiyor Khakimov ကပြောဆိုသည်ဟု ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက စက်တင်ဘာ ၁၃) ရေးသားသည်။

အဆိုပါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှား သမ္မတပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ်တိုလည်း တက်ရောက်မည်ဟု သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)