ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂) ကျင်းပ

 


MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၁၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောပိုးတွေ့ရှိမှု အနည်းငယ်စတင်နေပြီဖြစ်ကြောင်း၊ ယခင်က ပြည်ပပြန်များမှသာ တွေ့ရှိနေရသော်လည်း ယခုအခါ ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါလက္ခဏာမပြဘဲ တွေ့ရှိနေရပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးစီးသော်လည်း ထပ်ဆောင်း Booster ဆက်လက်ထိုးနှံပေးသွားရမည်ဖြစ်ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် မိမိတို့ မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက် အကြိမ်ပြည့်ထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများသည် ဌာနဆိုင်ရာ အားလုံးတာဝန်ရှိ၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ် (၁)လလျှင် ကျေးရွာ(၁၀)နှုန်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းရာတွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ တစ်ပါတည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအများဆုံးဖြစ်နိုင်ပြီး လူအများစုဝေးနိုင်သည့် ဈေးများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ စက်ရုံများတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း အထူးလိုက်နာကြရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး‌ ဒေါက်တာသီဟက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကုသမှုနှင့် ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများကို


လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပြုစုထားရှိသည့် စာရင်းဇယား အချက်အလက်များကိုလည်းကောင်း Power Point ဖြင့် အသီးသီးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)