မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး



MNP - စက်တင်ဘာ   ၅


ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အိမ်ထောင်စုစာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ မွေးသက္ကရာဇ် မှန်ကန်မှုရရှိစေရေး ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့် သွေးစစ်ချက်များအား မြို့နယ်ဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးရာ အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးခဲ့သည်။


ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က လာရောက်ကြည့်ရှုခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)