ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက(၂၄၇၄)ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါစိုက်ဧက(၂၄၇၄)ဧက စိုက်ပျိုးပြီးစီး



MNP - စက်တင်ဘာ  ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခု၊ ကျေးရွာအုပ်စုပေါင်း(၈၉)အုပ်စုတွင် ဆန်၊ စပါးအပါအဝင် သီနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင်ချည်မျှင်ရှည်ဝါ(၃၄၅၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယမန်နေ့တွင်(၂၄၇၄)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါများကို တိုက်နယ်(၆)မှ အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီးကျေးရွာအုပ်စုများတွင် (၇၅၇)ဧက၊ တိုက်နယ်(၇)မှ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ- သရက်ပင် -ရဲ- ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၆၀၄)ဧက၊ တိုက်နယ်(၈)မှ သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၂၁၀)ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာအုပ်စုများတွင်(၉၀၃)ဧက စုစုပေါင်း(၂၄၇၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်တောင်သူများ သွင်းအားစု၊ ကုန်ကျစရိတ် လျော့နည်းပြီး အရည်အသွေးမြင့်မား၍ အထွက်နှုန်းကောင်းမွန်တိုးတက်စေရန်အတွက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ချည်မျှဉ်ရှည်ဝါမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ကျေးရွာများကွင်းဆင်း၍ နည်းပညာအကူအညီများပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)