ငပလီမြို့၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊ စက်တင်ဘာ ၁၄

သံတွဲခရိုင်၊ ငပလီမြို့၌ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန် ထမ်းများစုပေါင်း ၍ ပြည်ထောင်စုရာ ထူးဝန် အဖွဲ့မှထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၊ဒေါ်သန်းနု ကပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေ သည့်ရုံးလုပ်ငန်းလက်စွဲစာအုပ်အခန်း(၁၁)ပါအစည်း အဝေးကျင်းပခြင်းနှင့်မှတ်တမ်းတင်ခြင်းရည်ရွယ်ချက်အားရှင်းလင်းပြီးအစည်း အဝေးကျင်းပရန်တာဝန်ယူရသည့်အမှုထမ်းများအနေဖြင့်အစည်း အဝေးခေါ်ယူရန်နှင့်အစည်းအဝေးကျင်းပရေးအတွက်ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊အစည်းအဝေးတွင် လက်တွေ့ဆောင်ရွက်ရမည့်တာဝန်များနှင့်မှတ်တမ်းတင်ခြင်းတို့ကိုစနစ် တကျ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍  ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ် ကြောင်း  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသည့်ဝန်ထမ်းများကရုံးလုပ်ငန်းလက် စွဲစာအုပ်  အခန်း(၁၁)ပါ အစည်းအဝေးကျင်း ပရခြင်းနှင့်မှတ် တမ်းတင်ခြင်းခေါင်းစဉ်အောက် မှ ဆောင်ရွက်ရမည့်လုပ်ငန်းအမျိုးအစား( ၆)မျိုးနှင့်အစည်းအဝေးဖိတ်ကြားခြင်းခေါင်းစဉ်အောက် မှအစည်းအဝေးဖိတ် ကြားရာတွင်ပါဝင်အမည့်အချက်(၈ ) ချက် တို့ကိုဝန်ထမ်းများကဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေး စိတ်ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)