ပုသိမ်ကြီးမြို့နယ် ဂန္ဓမာကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ် ဂန္ဓမာကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်



MNP - စက်တင်ဘာ   ၁၄


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေး ချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေသည် မြို့နယ် စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုးဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြိုနယ်အအဆင့် ဌာနဆိုင်ရာအကြီးအကဲများပါဝင် သည့်အဖွဲ့သည် စက်တင်ဘာ ၁၃ ရက်နေ့က ဂန္ဓမာကျေး ရွာအုပ်စု၊ဂန္ဓာမာကျေးရွာမူလတန်းကျောင်းခန်းမတွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့သည်။


တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ နှုတ်ခွန်းဆက် မိတ်ဆက် စကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှုးက အမှာစကား ဆက်လက်ပြောကြားခဲ့ပြီး လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်ကြောင်းကြီးများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီး အကဲများနှင့်မိတ်ဆက်ပေးကာ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့် အတွင်းရေးမှုးတို့က ကဏ္ဍကြီး (၅) ရပ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစန်းယု လှိုင်(လက်ထောက်ညွှန်ကြားရေးမှူး)မှ ဦးစီးဌာနမှကျေးလက်နေပြည်သူများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းနှင့်စီမံကိန်းဆိုင်ရာများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်သင်ကြားပေးနေသည့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးတွေ့ဆုံပွဲသို့တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှုးမှကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုခြင်း၊ အိမ်ရှေ့မင်းကျေးရွာနှင့် ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပေးစေလိုခြင်း၊ ကျေးရွာစာသင်ကျောင်းအား အုတ်တံတိုင်း ကာရံပေးစေလိုမှုနှင့် စာသင်ကျောင်းအဝင်လမ်းကွန်ကရစ် ခင်းကျင်း ပေးစေလိုမှုတို့ကို တင်ပြဆွေးနွေးခဲ့ပြီး ကျေးရွာသားတစ်ဦးမှ မီတာလျောက်ထားမှု အပေါ်ငွေပေးသွင်းထားသော်လည်း ယခုအချိန်ထိ မီတာလာရောက်တပ်ဆင်မှုမရှိခြင်း၊ကျေးရွာ လယ် ယာမြေများအတွက်သွင်းအားစုဓါတ်မြေသြဇာများ ရာသီအမီ ပံ့ပိုးကူညီပေးစေလိုခြင်း အစရှိ သည့်ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များအပေါ်  မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး ကထပ်ဆင့်ဆွေးနွေး ညှိနှိုင်းပေးခြင်းများဆောင်ရွက်ခဲ့သည်။ထို့နောက် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လက်အရောက် မှတ်ပုံတင်ကတ်များလွှဲပြောင်းပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)