ငါန်းဇွန်မြို့၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ငါန်းဇွန်မြို့၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

27


MNP - စက်တင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉နာရီမှစ၍ ကျောင်းကျန်းမာ ရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်း လမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမျိုးသန့်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်တို့က ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်များကို ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၂၇)ကျောင်းမှ ဆရာ၊ ဆရာမ (၁၂၇)ဦးတို့အား မွန်းတည့် ၁၂နာရီအချိန်အထိ သင်ကြားဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းမှာ ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသူကျောင်းသားတစ်ဦးချင်းစီအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ် တကျမှတ်တမ်းတင်ထားရှိနိုင်ရန်၊ ကျောင်းသားမိဘများ/အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များ သောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့ အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့်စောင့်ရှောက်မှုများကို ရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသူ ကျောင်းသားများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages