ညောင်ဦးမြို့နယ် ပုဂံမြို့ (ကိုးလုံးရပ်) ရှိ အိမ်ခြေ ၄၈ အိမ်စာအတွက် ဆန် ၂ ပြည်စီလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ပုဂံမြို့ (ကိုးလုံးရပ်) ရှိ အိမ်ခြေ ၄၈ အိမ်စာအတွက် ဆန် ၂ ပြည်စီလှူဒါန်း

 



MNP - စက်တင်ဘာ   ၁


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း (ကိုးလုံးရပ်) ၌ ဝေမျှခြင်း ပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီအချိန်က အိမ်ထောင်စု ၄၈ အိမ် ထောင်စုအတွက် တစ်အိမ်ထောင် ဆန် ၂ ပြည်နှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုသည် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ၊ တဲတိုက်များသို့ သောက်သုံးရေ လှူဒါန်းခြင်း၊ အခြေခံပညာကျောင်းသုံး ဗလာစာအုပ်၊ ဘောပင်၊ ခဲ့တံ၊ ပေတံများအား အခါအား လျော်စွာ ကျောင်းသား၊ ကျောင်းသူများအား လှူဒါန်းခြင်းများ လှူဒါန်းလေ့ရှိကာ ယခုအခါ အခြေခံလူတန်းစားများ မီးဖိုချောင်စရိတ် တဒင်္ဂပြေလည်စေရန် ပုဂံမြို့ဟောင်း (ကိုးလုံးရပ်) ရှိ အိမ်ထောင်စု ၄၈ အိမ်ထောင်စုအတွက် တစ်အိမ်ထောင် ဆန် ၂ ပြည်စီ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းမှ တာဝန်ရှိသူ ဦးဝင်းမင်းထွန်း ပြောကြား၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)