တိုင်းပြည်ကို ဘယ်သူတွေ ဖျက်ဆီးနေသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းပြည်ကို ဘယ်သူတွေ ဖျက်ဆီးနေသလဲ



တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းနဲ့ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်း ကိုတောင် ကွဲကွဲပြားပြားမသိကြဘူးဆိုရင်တော့ မိမိတို့ရဲ့ နိုင်ငံရေးဉာဏ်ရည်ဟာ အလွန်နိမ့်ကျလွန်းတယ်လို့ ဆိုရပါမယ်။ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းဆိုတာ တိုင်းရင်းသားပြည်သူတွေ (နိုင်ငံသားတွေ) ရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေး၊ အခက်အခဲ အကြပ်အတည်းများ လျော့ပါးစေရေး၊ ဖွံ့ဖြိုးတိုးတက်သည်ထက် တိုးတက်အောင် စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို တိုင်းပြုပြည်ပြုလုပ်ငန်းများ (ဝါ) တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများလို့ ဆိုရမှာ ဖြစ်ပါတယ်။


တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းဆိုတာကတော့ နေ့စဉ်ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှုကင်းမဲ့အောင်၊ အကြောက်တရားတွေ ကိန်းအောင်နေအောင်၊ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်၊ အစိုးရဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်၊ အများပြည်သူ သွားလာလှုပ်ရှားနေတဲ့ လမ်း၊ တံတားတွေကို ဖောက်ခွဲဖျက်ဆီး၊ တိုင်းရင်းသားပြည်သူတွေ( နိုင်ငံသားတွေ) အခက်အခဲ အကြပ်အတည်းတွေ့အောင် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းများလို့ ဆိုရမှာဖြစ်ပါတယ်။


ယနေ့အချိန်မှာ အထက်ပါ ပြဆိုခဲ့တဲ့ တိုင်းပြုပြည်ပြု လုပ်ငန်းကို ဘယ်သူတွေက လုပ်ဆောင်နေသလဲ။ NLD, CRPH, NUG, PDF လုပ်ဆောင်နေသလား။ တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လုပ်ဆောင်နေသလား။ အထက်ပါ ပြဆိုခဲ့တဲ့ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေကိုရော ဘယ်သူတွေက လုပ်ဆောင်နေပါသလဲ။


မေးခွန်းကလည်း ရှင်းသလို အဖြေကလည်း ရှင်းပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ အဖြေထုတ်ရမှာဖြစ်ပါတယ်။ NLD အာဏာလက်မဲ့ဖြစ်ပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၆၀၀ ကျော်အထိ သေဆုံးခဲ့ရတယ်။ အစိုးရအဆောက်အဦးတွေ ဖျက်ဆီးခံခဲ့ရတယ်။ ကျောင်းတက်နေတဲ့ ကလေးငယ်တွေ စိတ်လက်ပေါ့ပါးစွာနဲ့ ကျောင်းမတက်နိုင်ကြဘူး။ CRPH, NUG, PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ဘာကြောင့် ကြေညာခဲ့ရသလဲ ဆိုတဲ့ အဖြေကို စဉ်းစားလိုက်တာနဲ့ သူတို့တွေရဲ့ လုပ်ရပ်များသည် တိုင်းရင်းသားပြည်သူများ ကောင်းကျိုးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများမဟုတ်ဘဲ ဆိုးကျိုးတွေ ရင်ဆိုင်ကြုံတွေ့ရအောင် နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက လုပ်ဆောင်လာခြင်းကြောင့် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ရခြင်း ဖြစ်ပါတယ်။


ကျုပ်တို့တိုင်းပြည်က ပြည်သူတွေရဲ့ တလွဲဆံပင်ကောင်းမှုက အဲဒီလို တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်နေတဲ့ ပြည်ပြေး၊ ဝရမ်းပြေး၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမားကြီးတွေကို သူတော်စင်ကြီးတွေလို ထင်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ အစိုးရကိုတော့ လူဆိုးကြီးတွေလို့ မြင်နေကြတာ။ ဒါကလည်း ပြည်ဖျက်နိုင်ငံရေးသမားတွေရဲ့ အာဝဇ္ဇာန်းကောင်းမှု၊ ပြည်သူများကို သူမတူအောင် နိုင်ငံရေးမှိုင်းတိုက်နိုင်စွမ်းရှိမှု၊ ပြည်ပအဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများနဲ့ စနစ်တကျ ပူးပေါင်းပြီး ဖျက်ဆီးနိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။


NLD အစွန်းရောက် နိုင်ငံရေးသမားတွေဟာ ပြည်သူကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့နေရာမှာ ပြည်သူကို အသုံးချပြီး တိုင်းဖျက်ပြည်ဖျက် လုပ်တဲ့နေရာမှာ သူမတူအောင် စွမ်းနိုင်တဲ့အတွက်ကြောင့်လည်း ပြည်သူတွေဟာ အဖျက်သမားနဲ့ တည်ဆောက်သူကို ကွဲကွဲပြားပြားမသိကြတော့ဘဲ  အဖျက်သမားတွေကိုမှ သူတော်စင်ထင်တဲ့ အခြေအနေမျိုးကို ရောက်ရှိသွားကြခြင်းဖြစ်ပါတယ်။


NLD ပါတီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေ၊ မဲလိမ် မဲခိုး မဲမသာမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရပါတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို လိမ်ညာဖုံးကွယ်ပြီး တပ်မတော်က အာဏာလုယူပါတယ်လို့ ဝါဒဖြန့်လှုံ့ဆော်ခဲ့တယ်။ စက်ရုံအလုပ်ရုံတွေက အလုပ်သမားလေးတွေ လမ်းပေါ်ရောက်လာအောင် အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားခေါင်းဆောင်တွေကို ချုပ်ကိုင်ထားတယ်။ စက်ရုံတွေက အလုပ်သမားခေါင်းဆောင်အများစုဟာ နိုင်ငံရေးသမားတွေနဲ့ အဆက်အသွယ် ရှိကြပါတယ်။ အလုပ်သမားခေါင်းဆောင်တွေက မိမိတို့ရဲ့ လက်အောက်က အလုပ်သမားလေးတွေကို ဆန္ဒပြရာမှာ မလိုက်မနေရ (မလိုက်ရင် ဒလန်) သတ်မှတ်ပြီး အလုပ်ထဲမှာ ဒုက္ခပေးတယ်။ နောက်တော့ PDF ပေါ်လာတဲ့အခါ အလုပ်သမားလေးတွေရဲ့ လခထဲက ခေါင်းပုံဖြတ်ပြီး PDF ကို ထောက်ပံ့ပေးတယ်။ ဒီထက်ပိုပြီး ဆိုးရွာတဲ့ လုပ်ရပ်တွေက မိမိတို့ကို လစဉ် လစာပေးနေတဲ့ စက်ရုံအလုပ်ရုံတွေကို မီးရှို့ဖျက်ဆီးသည်အထိ ယုတ်ကန်းလာကြတယ်။ 


အဲဒီလို ယုတ်ကန်းလွန်းပြီး အောက်တန်းကျတဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ဘယ်သူတွေ လှုံ့ဆော်ခဲ့တာလဲ။ ခင်ဗျားတို့ သူတော်စင်ကြီးတွေလို့ ထင်နေတဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေ က လှုံ့ဆော်ခဲ့တာ မဟုတ်လား။


ဒါက အလုပ်သမားလူတန်းစား အလွှာကို ပြည်ဖျက်တွေက ဒုက္ခပေးခဲ့ပုံဖြစ်ပါတယ်။ အကျိုးရလာဒ်က အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းတွေ ဖြစ်လာပြီး ပြည်ပြေး ဝရမ်းပြေးများ ခေါ်ဆောင်ရာ တောထဲကို ပါသွားကြပြီး အကြမ်းဖက်သမားလေးတွေ ဖြစ်ကုန်ကြတယ်။


အခြေခံအလုပ်သမားလူတန်းစားတွေကို ဒုက္ခပေးသလိုမျိုးပဲ ပညာသင်နေကြတဲ့ ကျောင်းသား/ ကျောင်းသူတွေ၊ ဆရာ/ ဆရာမတွေကို ဒုက္ခပေးခဲ့တာလည်း သူတို့ပဲ ဖြစ်ပါတယ်။ ကျောင်းဆရာ/ ဆရာမ ဆိုတာတွေဟာ ကျွန်တော်တို့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေပါ။ သို့ပေသော် တချို့သော ဆရာ/ ဆရာမများ ကိုယ်၌က မိမိတို့ရဲ့ မျိုးဆက်သစ်ရင်သွေးငယ်တွေရဲ့ အနာဂတ်ကို အလေးထားပြီး မစဉ်းစားဘဲ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေ အာဏာရရေးကို အလေးထားပြီး CDM နောက်ကို ပါသွားကြတယ်။ ကိုယ့် လုပ်ဖော်ကိုင်ဖက် ဆရာ/ ဆရာမ အချင်းချင်းကို CDM မလုပ်တဲ့သူကို ဒုက္ခပေးနိုင်အောင်၊ လုပ်ကြံသတ်ဖြတ်နိုင်အောင် PDF အကြမ်းဖက်သမားလေးတွေနဲ့ တို့ပေးတယ်။ CDM မလုပ်တဲ့ ဆရာ/ ဆရာမ တချို့ အသတ်ခံခဲ့ရတယ်။ လူငယ် လူရွယ်တွေကို ဘယ်လောက်အထိ အရိုင်းစိတ်သွင်း ခဲ့သလဲဆိုရင် ကိုယ့်ဆရာမ ကိုပင် ပြန်ပြီး လုပ်ကြံသတ်ဖြတ်ရဲသည်အထိ အရိုင်းစိတ်ဝင်သွာအောင် ပြည်ပြေး ဝရမ်းပြေးတွေက စွမ်းနိုင်ခဲ့ပါတယ်။


ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ဆောင်ရွက်ချက်တွေက ဒါပဲလားဆိုရင်တော့ ဘယ်ဟုတ်လိမ့်မလဲ။ အနန္တဂိုဏ်းဝင် ဆရာ/ ဆရာမ တွေကို လုပ်ကြံသတ်ဖြတ်ရုံတင် အားမရသေးဘူး။ ရတနာသုံးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ သံဃာတော်တွေကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။ NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေကို ထောက်ခံတဲ့ သံဃာအမည်ခံ တချို့ကလည်း ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ကို လှုံ့ဆော်ခဲ့ကြတာကို တွေ့ရပါတယ်။ 


NLD အစွန်းရောက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေ ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အထူးသတိပြုသင့်တဲ့ အခြေအနေတစ်ရပ်ကို အလေးထားတင်ပြလိုပါတယ်။ အခု နောက်ပိုင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှု ပုံစံတွေဟာ သာမန်ပုံစံမျိုး မဟုတ်တော့တာကို သတိပြုမိကြလိမ့်မယ်ထင်ပါတယ်။ PDF အကြမ်းဖက်သမားလေးတွေဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်ရာမှာ လည်လှီးသတ်ပြီး သတ်ဖြတ်တဲ့ ရုပ်သံတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ဝေပြီး ပြည်သူတစ်ရပ်လုံးကို ခြောက်လှန့်နေပါတယ်။


၂၀၁၄ ဝန်းကျင်က ကမ္ဘာအရပ်ရပ်မှာ အဆိုးရွားဆုံး ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ကြီး ပေါ်ခဲ့ဖူးပါတယ်။ ISIS လို့ ခေါ်တဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်။ သူတို့တွေဟာ အခြားသောဘာသာဝင်တွေကို ဖမ်းဆီးတယ်။ သူတို့ဘာသာထဲ ဝင်မလား။ အသတ်ခံမလား။ ဒီနှစ်လမ်းပဲ ရွေးချယ်ခွင့်ပေးပါတယ်။ အမေရိကန် နိုင်ငံသားတစ်ဦးကို လှည်းလှီးသတ်ပြီး အမေရိကန်တွေကို စိန်ခေါ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးပြီး ဂျပန်အစိုးရအနေနဲ့ ဒေါ်လာသန်း ၁၀၀ နဲ့ ရွေးဖို့ ပြန်ပေးစွဲခဲ့ပါတယ်။ အဲဒီ ဂျပန်နိုင်ငံသားလည်း အသတ်ခံခဲ့ရပါတယ်။ အဲဒီ IS အဖွဲ့ ရဲ့ ရက်စက်ယုတ်မာမှု မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ လစ်ဗျားမှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး သံလှောင်အိမ်ထဲထည့်၊ ဓာတ်ဆီလောင်းပြီး ရက်စက်စွာ မီးရှို့သတ်တာမျိုး၊ လစ်ဗျားကမ်းခြေမှာ အပြစ်မဲ့ ခရီးသွားပြည်သူတွေကို ဖမ်းဆီး သံလှောင်အိမ်ထဲထည့်ပြီး ပင်လယ်ထဲမှာ ရေနှစ်သတ်ပစ်တာမျိုးတွေအထိ မှတ်တမ်းတွေ မြင်တွေ့ခဲ့ရပါတယ်။


IS ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ဟာ နိုင်ငံပေါင်း (၁၉)နိုင်ငံမှာ အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူပေါင်း ၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ ယနေ့ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်နေတဲ့ နိုင်ငံရေးအစွန်းရောက် အုပ်စုဟာ IS လို ဘာသာရေးအစွန်းရောက်အဖွဲ့ရဲ့ သြဇာခံဖြစ်နေပြီလားလို့ သံသယဖြစ်ဖွယ် ရှိလာပါတယ်။ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ရဟန်းရှင်လူပြည်သူများကို ဒလန်သတ်မှတ်ပြီး သတ်မှတ်နေတာဟာ IS လမ်းစဉ်နဲ့ ထပ်တူကျနေပါတယ်။ လုပ်ရပ်တွေဟာလည်း ဘာသာရေးအစွန်းရောက်တွေရဲ့ လုပ်ရပ်နဲ့ ထပ်တူကျနေပြီဖြစ်လို့ NLD အစွန်းရောက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေဟာ ဘာသာရေးအစွန်းရောက်တွေရဲ့ သြဇာခံဖြစ်နေပြီလား ဆိုတာကို ပြည်သူအများ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။


မြန်မာနိုင်ငံမှာ အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ၊ ရက်စက်ယုတ်မာမှုမျိုးစုံကို NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်တွေက လုပ်ဆောင်နေတာကို တွေ့ပါ မြင်ပါ ကြားပါလျက်၊ မိမိတို့ ပြည်သူများကိုယ်တိုင်လည်း ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုနောက်မှာ လိုက်ပါလုပ်ဆောင်ရင်း ကိုယ့်ပြည်သူအချင်းချင်း ဒုက္ခမျိုးစုံပေးခဲ့ကြသလို ကိုယ်တိုင်လည်း အတိဒုက္ခရောက်ရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေကြရပြီဖြစ်ပါတယ်။


NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက်တွေ ဖျက်ဆီးသမျှ အစိုးရက ပြန်လည်ပြုပြင်တည်ဆောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေကြရတယ်။ ဒီနေရာမှာ တစ်ချက် ပြောစရာ ရှိတာက အစိုးရရဲ့ မူဝါဒက ပြည်သူများအကျိုးကို ရှေ့တန်းတင်ဆောင်ရွက်နေပေမယ့် အစိုးရဝန်ထမ်းအားလုံးကတော့ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးနေတယ်လို့ ပြောလို့ မရပါဘူး။ အချို့သော အစိုးရဝန်ထမ်းများဟာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ပုံစံမျိုး PDF အကြမ်းဖက်သမားတွေ သောင်းကျန်းနေလေ ကိုယ်ကျိုးစီးပွားရှာလို့ ကောင်းလေ အခြေအနေမျိုး ဖန်တီးလုပ်ဆောင်နေကြတာတွေလည်း ရှိနေပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာဖို့သာ အခွင့်ကောင်းချောင်းနေသူတွေအနေနဲ့ကတော့ နစက အစိုးရလက်ထက်မှသာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပဲ ဖြစ်ပါတယ်။


နစက အစိုးရကို ဖေတစ်ရာ မောင်တစ်ကျိတ်နဲ့ တိုင်းထွာပြီး ဆဲဆိုစော်ကားခဲ့ကြသူတွေ၊ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုနောက်မှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေနဲ့ ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ကြစမ်းပါ။ ငါတို့ကို တပ်မတော်က ဒုဒက္ခပေးခဲ့တာလား။ နစကအစိုးရက ဒုက္ခပေးခဲ့တာလား။ ငါတို့ ကိုယ်တိုင် ပြည်ပြေး၊ ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကို ယုံစားပြီး မိမိတို့ကိုယ်တိုင် အတိဒုက္ခရောက်အောင် ဖန်တီးခဲ့ကြတာလား ဆိုတာကို ကွဲကွဲပြားပြား သိကြဖို့ ကောင်းပါပြီ။ ပြည်ပြေး၊ ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေမှာ ပြည်သူများရဲ့ နေ့စဉ် လူမှုဘဝ တည်ငြိမ်အေးချမ်းစေရေးအတွက်လား၊ တည်ငြိမ်အေးချမ်းမှုကင်းမဲ့အောင် လှုံ့ဆော်နေတာလား ဆိုတာကို ခွဲခြားသိမြင်တတ်ရင် ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် မြင့်လာပြီလို့ ဆိုနိုင်ပါလိမ့်မယ်။


စာသင်ကျောင်းတွေမှာ လုံခြုံရေးယူထားရတယ်။ ဘယ်သူတွေကို ကြောက်နေရတာလဲ။ မီတာရုံးတွေမှာ တန်းစီနေကြရတယ်။ ဘယ်သူတွေ ဖန်တီးခဲ့တာလဲ။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လက်ရှိ အစိုးရဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လုပ်ဆောင်နေတာလား၊ ပြည်ပြေး ဝရမ်းပြေးတွေက လုပ်ဆောင်နေတာလား ဆိုတာကို ခွဲခြားရှုမြင်သုံးသပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်တဲ့ လုပ်ငန်းတွေကို တိုင်းပြုပြည်ပြု လုပ်ငန်းများလို့ ခေါင်းစဉ်တပ်လို့ မရပါဘူး။ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းပဲ ဖြစ်ပါလိမ့်မယ်။ မိမိတို့ ပြည်သူများဟာ တိုင်းပြုပြည်ပြု နိုင်ငံရေးလုပ်တဲ့ သူတွေကို အားပေးထောက်ခံနေသလား။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ အလိုကျ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေကြသလား။ ခွဲခြားသိမြင်ပြီး တိုင်းပြုပြည်ပြု နိုင်ငံရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြမှသာလျှင် တိုင်းပြည် တည်ငြိမ်အေးချမ်းပါလိမ့်မည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)