စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ




MNP - စက်တင်ဘာ   ၈


ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ဆီနှင့် ကြက်ဥတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက် ၈ နာရီ က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးမျိုးမြင့်၊ မြို့နယ်သမဝါယမအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်းမှ ဈေးရောင်းဝယ်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကူညီခဲ့ကြပြီး၊ အိမ်ထောင်စုပေါင်း (၁၀၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက်  ဆန်(၂)ပြည်လျှင် (၃၇၅၀)ကျပ်၊ ဆီ (၅၀)သားလျှင် (၂၆၅၀)ကျပ်၊ ကြက်ဥ (၁၀)လုံးလျှင် (၁၇၅၀)ကျပ်ဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။


ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနေစဉ်အတွင်း ကျန်းမာရေးစစ်ကြောင်းမှ ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)