သီပေါမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းများသို့ ကွင်းဆင်း၍ စာတွေ့လက်တွေ့နည်းပညာများ ဆွေးနွေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းများသို့ ကွင်းဆင်း၍ စာတွေ့လက်တွေ့နည်းပညာများ ဆွေးနွေးဆောင်ရွက်



MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက် ခင်းများ စိုက်ပျိုးထားရှိ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီ အဆိုပါ စံပြစိုက်ခင်းများသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဦးစီးမှူးတို့က မြို့နယ်စိုက်ပျိုးရေးဝန်ထမ်း များ စွမ်းဆောင်ရည်မြင့်မားရေးအတွက်ရည်ရွယ်၍ စာတွေ့၊ လက်တွေ့နည်းပညာများ ဆွေးနွေး ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်   ကျောက်မဲခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံနှင့်  သီပေါမြို့နယ်ဦးစီးမှူးတို့က ဘော်ကြိုကျေးရွာရှိမိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်းနှင့် မိုးစပါး (မှော်ဘီ-၂) မျိုးစေ့ထုတ်စံပြစိုက်ခင်းများသို့   ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအား မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် နေကြာစိုက်ခင်းသားခွဲခြင်း၊ မိုးစပါး(မှော်ဘီ-၂) မျိုးသန့်မျိုးစေ့ထုတ်စံပြစိုက်ခင်းတွင် ပထမအကြိမ် မျိုးကွဲပယ်ခြင်းများကို စာတွေ့လက်တွေ့  နည်းပညာဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏ ယာမြေတွင် မိုးနေကြာသီးနှံမျိုးစေ့ထုတ် (ဆင်းရွှေကြာ-၂)စံပြကွက်(၁)ဧကနှင့် မိုးစပါး(မှော်ဘီ-၂)မျိုးစေ့ထုတ် စံပြကွက် (၂၀)ဧကကို စိုက်ပျိုး ထားရှိကြောင်း၊ သီပေါမြို့နယ်တွင် မိုးသီးနှံနေကြာကို(၆၂)ဧက စိုက်ပျိုးရန်လျာထားပြီး မိုးသီးနှံနေကြာနှင့် ဆောင်းသီးနှံနေကြာကို (၁၆၈)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)