သီတဂူအဓိပတိဆရာတော်ကြီးက ပါကစ္စတန်နိုင်ငံရေးဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းလှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သီတဂူအဓိပတိဆရာတော်ကြီးက ပါကစ္စတန်နိုင်ငံရေးဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းလှူဒါန်း

053


MNP ၊ စက်တင်ဘာ ၁၁

၉-၉-၂၀၂၂ မနက်ပိုင်း (၁၀:၀၀နာရီ)အချိန်တွင်ရွှေကျင်နိကာယ ဥက္ကဋ္ဌ သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော်ကြီးမှ မကြာသေးမီရက်ပိုင်းက ပါကစ္စတန်နိုင်ငံ သိန်းချီသော ရေဘးသင့်ခဲ့နေသော ပြည်သူများအတွက် အမေရိကန် ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို၊ ဒဂုံမြိုသစ် မြောက်ပိုင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ကိုးထပ်ဆောင်မှာ သီတဂူအဓိပတိဆရာတော်ကြီးက ရန်ကုန်မြိုရှိ ပါကစ္စတန်သံရုံး တာဝန်ခံများအား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

၁၆-၉-၂၀၁၄ နှစ်က ပါကစ္စတန်နိုင်ငံတွင် ရေးဘေးသင့်စဉ်ကလည်း ရေးဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း လှူဒါန်းထောက်ပံ့ပေးခဲ့ဖူးသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages