ကျောက်ဖြူမြို့ ကောင်းကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား အခြေခံကိုယ်ခံပညာ ကရာတေးဒိုသင်တန်းနှင့် ဘောလုံးသင်တန်း သင်ကြားပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ ကောင်းကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား အခြေခံကိုယ်ခံပညာ ကရာတေးဒိုသင်တန်းနှင့် ဘောလုံးသင်တန်း သင်ကြားပြသ






MNP ၊  စက်တင်ဘာ  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ ကောင်းကိုယ်ပိုင်အထက်တန်းဆင့်သင် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာ စေရန်နှင့် မိမိကိုယ်ကိုမတရားရန်မူလာသူများကို ပြန်လည်ခုခံကာကွယ်နိုင်စေရန်ရည်ရွယ်၍ ကျောက်ဖြူခရိုင် အားကစားနှင့်ကာယညာဦးစီးဌာနနှင့် ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူး ပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက အခြေခံကိုယ်ခံပညာကရာတေးဒိုသင်တန်းနှင့် ဘောလုံးသင် တန်းကို မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမတွင် သင်ကြားပြသကြောင်း တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။ 


“ဆရာမတို့ကျောင်းမှာ တက်ရောက်ပြီးတော့ ပညာသင်ယူနေကြတဲ့ ကျောင်းသား၊ ကျောင်း သူတွေကိုပေါ့နော် “ ကြံ့ခိုင်သွက်လက် ဉာဏ်ရည်ထက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျောင်းစာတစ်ခု တည်းကိုမကဘဲ အားကစားဘက်တွေမှာပါ ဘက်စုံထူးချွန်တဲ့ ကလေးတွေဖြစ်စေဖို့၊ တစ်ဦးနှင့်တစ် ဦးပူးပေါင်းဆောင်ရွက်တတ်စေဖို့နဲ့ ကျောင်းသူလေးတွေကိုလည်း မိမိကိုမတရားအနိုင်ကျင့်ရန်မူ လာတဲ့သူတွေကို ပြန်လည်ခုခံကာကွယ်နိုင်စေဖို့ရည်ရွယ်ပြီးတော့ ကျောင်းသားတွေကို အခြေခံ ဘောလုံးသင်တန်း၊ ကျောင်းသူတွေကို အခြေခံကရာတေးဒိုသင်တန်း စတဲ့ဒီသင်တန်းတွေကို ကျောက်ဖြူခရိုင်အား/ကာနဲ့ပူးပေါင်းပြီး ဖွင့်လှစ်ပြသပေးတာဖြစ်ပါတယ်” ဟု ကောင်းကိုယ်ပိုင် အထက်တန်းဆင့်သင်ကျောင်းတည်ထောင်သူ ဆရာမကြီး ဒေါ်ရင်ရင်ကောင်းက ပြောကြားသည်။ 


အဆိုပါသင်တန်းများကို ကောင်းကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ Grade-11 တွင် တက်ရောက်နေသည့် ကျောင်းသား(၆၄)ဦးနှင့် ကျောင်းသူ(၈၆)ဦးတို့မှ အပတ်စဉ် စနေနေ့တိုင်း တက်ရောက်သင်ယူလျက်ရှိပြီး ကျောက်ဖြူခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေမှ အနီးကပ်ကြီးကြပ်ပြီး ဘောလုံးအားကစားနည်းတွင် သင်တန်းနည်းပြဆရာအဖြစ် ခရိုင်အား/ကာမှ နည်းစနစ်မှူး ဦးရဲကိုကိုလွင်နှင့် EPC  မှ ဦးပြည့်ဖြိုးကျော် တို့မှလည်းကောင်း၊ အခြေခံကရာတေးဒိုသင်တန်းတွင် နည်းပြဆရာ ဦကျော်မင်းထွန်းမှ လည်းကောင်း သင်ကြားပို့ချပြသပေးလျက်ရှိသည်။ 


အခြေခံအားကစားသင်တန်းတက်ရောက်ခြင်းနှင့်ပတ်သက်၍ ကောင်းကိုယ်ပိုင်အထက်တန်း ဆင့်ကျောင်းမှ ကျောင်းသား မောင်နေယံတိုးက “ကျွန်တော်က ဘောလုံးကစားရတာကို အရမ်းဝါ သနာ ပါပါတယ်၊ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်၊ အားလပ်တဲ့အချိန်တိုင်းလည်း ဘောလုံးကစားဖြစ်ပါတယ်၊ အခုလို အားကစားသင်တန်းတွေကို နည်းစနစ်မှန်မှန်နဲ့ စိတ်ရှည် လက်ရှည် စနစ်တကျပြသပေးတဲ့အတွက် ခရိုင်အား/ကာက သင်တန်းဆရာ၊၊ဆရာမနဲ့ သင်တန်း ဖွင့်လှစ်ပြသပေးဖို့စီစဉ်ဆောင်ရွက်ပေးတဲ့ ကောင်းကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းက ဆရာမ ကြီးတို့ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျ”ဟု ပြောသည်။


ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ယခုလို ဘောလုံ;သင်တန်း နှင့် အခြေခံကရာတေးဒိုသင်တန်းများအပြင် အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ညနေပိုင်းအချိန်၌ ( Physical Fitness Dance  ) အားကစားသင်တန်းကိုလည်း ဖွင့်လှစ်ပြသလျှက်ရှိ ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)