ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံ ပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့် လက်‌ရွေးစင်အသင်းများရွေးချယ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံ ပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့် လက်‌ရွေးစင်အသင်းများရွေးချယ်ပွဲကျင်းပ


MNP ၊ စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံ ပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲနှင့် လက်‌ ရွေးစင်အသင်းများရွေးချယ်ပွဲကို  ပြည်မြို့မင်္ဂလာရွှေပြည် ခရိုင်အားကစားကွင်း၌ ယမန်နေ့နံနက်ပိုင်းက စတင်၍ ယခုလ၅ရက်နေ့အထိကျင်းပလျက်ရှိကြောင်းသိရသည်။


အဆိုပါပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်းပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ယု တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပွဲဦးထွက်ပြိုင်ပွဲအဖြစ်ယမန်‌နေ့နံနက် ၈နာရီက သာယာဝတီခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် သုံးဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်းနှင့် စက်တင်ဘာ ၄ ရက် ယနေ့နံနက်ပိုင်းတွင် ဒုတိယပွဲစဉ်အဖြစ် ပြည်ခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားရာ၌လည်း တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး မနက်ဖြန်တွင် ပြည်ခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်‌ကြောင်းသိရသည်။


ယင်းခရိုင်ကိုယ်စားပြုပြိုင်ပွဲဝင်အသင်း သုံးသင်းအနက် အကောင်းဆုံးအသင်း (၂)သင်းကို အမှတ်ပေးရွေးချယ်မည်ဖြစ်ကာ အမှတ်အများဆုံးရရှိ‌သော အသင်းအား ပဲခူးတိုင်းဒေသကြီး (အနောက်)ကိုယ်စားပြု လက်ရွေးစင်(က) အသင်း၊ ဒုတိယအမှတ်အများဆုံးအသင်းအား လက်ရွေးစင်(ခ) အသင်းအဖြစ်‌ ရွေးချယ်၍ ပဲခူးမြို့၌ကျင်းပမည့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားပြိုင်ပွဲ၌ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများထံမှသိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)