ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်



MNP - စက်တင်ဘာ   ၃


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် အဖွဲ့သည် စက်တင်ဘာ ၂ ရက်နေ့က အင်ကျယ်ကျေးရွာအုပ်စု၊ အင်ကျယ်ကျေးရွာခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်ကြောင်းကြီးများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများကို တစ်ဦးချင်းအလိုက် မိတ်ဆက်ပေးကာ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာများကို ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝေယံမင်းနှင့် အဖွဲ့ဝင်များက ကဏ္ဍကြီး(၅)ရပ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်(လက်ထောက်ညွှန်ကြားရေးမှူး)မှ ကျေးလက်နေပြည်သူများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းနှင့်စီမံကိန်းဆိုင်ရာများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ဖွင့်လှစ်သင်ကြားပေးနေသည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ ဒေသတွင်းကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးစေလိုမှုများ၊ ရေဆိုးထုတ်မြောင်းကူးတံတားဆောင်ရွက်ပေးစေလိုမှု၊ အိမ်ဝင်ထွက် လမ်းများတွင် ပိတ်ဆို့နေသည့်ဓါတ်တိုင်များ စနစ်တကျရွေ့ပြောင်းစိုက်ထူပေးရန်ကိစ္စ၊ ကျေးရွာချင်းဆက် လမ်းဆောင်ရွက်ပေးစေလိုမှု၊ မှတ်ပုံတင်များကွင်းဆင်းဆောင်ရွက်ပေးစေလိုခြင်းများ၊ ကျေးရွာမူလတန်းကျောင်း တံတိုင်းကာရံလိုမှု၊ ကျောင်းဆရာ/ဆရာမများလိုအပ်မှု အပေါ်ထပ်တိုးခန့်ထားပေးနိုင်ရေး၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များအား အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေးစေလိုမှု၊ မီတာအတွက် ပိုက်ဆံများပေးသွင်းထားသော်လည်း ယခုအချိန်ထိ မီတာလာရောက်မတပ်ဆင်နိုင်ခြင်းကိစ္စ၊ ကျေးရွာလယ်ယာမြေများအတွက် စက်ရေတင်စနစ်ဖြစ်ပေါ်ရေး၊ သွင်းအားစုဓါတ်မြေသြဇာများ ရာသီအမီ ပံ့ပိုးကူညီပေးစေလိုခြင်းအစရှိသည့် ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဦးနှင့်အဖွဲ့ဝင်များက ထပ်ဆင့်ဆွေးနွေးညှိနှိုင်းပေးခဲ့ကြသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ၎င်းတို့ဌာနများအလိုက် ပြည်သူ့အကျိုးအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)