သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာတွင် သံဃာတော်နှင့် သီလရှင်အပါး ၆၀၀ ကျော်အား ဂရုဓမ္မအခါတော်နေ့၌ စာရေးတံမဲ လောင်းလှူသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာတွင် သံဃာတော်နှင့် သီလရှင်အပါး ၆၀၀ ကျော်အား ဂရုဓမ္မအခါတော်နေ့၌ စာရေးတံမဲ လောင်းလှူသွားမည်

 


MNP - စက်တင်ဘာ   ၅


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာတွင် လာမည့်တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့၌ သံဃာတော်နှင့် သီလရှင် အပါး ၆၀၀ ကျော်တို့အား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။


ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၌ ၁၆ ကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလောင်းလှူပွဲကို ဒေသခံပြည်သူများစု‌ပေါင်းကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်စာသင်တိုက်များမှ သာသနာ့နွယ်ဝင် သီလရှင်များကိုလည်း အလှူခံကြွရောက်ပါရန် ပင့်ဖိတ်ထားကြောင်း သိရသည်။


ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလောင်းလှူပွဲတွင် လာရောက်လှူဒါန်းကြမည့် အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ စနစ်တကျအဆင်ပြေစွာ လှူဒါန်းနိုင်ရေး အတွက် သတ်မှတ်နေရာများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြွရောက်လာသူများအား စတုဒီသာအာဟာရဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ရာ လာရောက်လောင်းလှူလိုသူများအနေဖြင့် ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက် သာသနာ့အကျိုးဆောင်အဖွဲ့ထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း နှိုးဆော်ထားသည်။


ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်တွင် ယခုနှစ်၌ ရဟန်းတော် ၂၂၄ ပါးနှင့် ရှင်သာမဏေ ၂၇၇ ပါး စုစုပေါင်း စာချ၊ စာသင် ဆရာတော်သံဃာတော်အရှင်သူမြတ် ၅၀၁ ပါး သီတင်းသုံးနေထိုင်တော်မူကြလျက်ရှိပြီး သင်ပုန်းကြီးတန်းမှ ဓမ္မာစရိယတန်းထိ ပရိယတ္တိစာပေ များကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)