မွန်ပြည်နယ်အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

006

MNP ၊ စက်တင်ဘာ ၁

မွန်ပြည်နယ်အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်နှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ အောင်မြတ်ကျော်စိန်က တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီမှ ကျောင်းသား ကျောင်းသူများက “ရှုမငြီးဖွယ် ကကြိုး (၁၂) သွယ်” ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးတေး၊ ခေတ်ဟောင်းနှင့် ကာလပေါ်တေးတို့ဖြင့် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။


မွန်ပြည်နယ်အစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ဇာတိဂုဏ်မြှင့်တင်ရေးတေး အဆိုပြိုင်ပွဲတွင် (အမျိုးသား) သုံးဦးနှင့် (အမျိုးသမီး) ရှစ်ဦး၊ ခေတ်ဟောင်းနှင့် ကာလပေါ်တေး အဆိုပြိုင်ပွဲတွင် (အမျိုးသား) နှစ်ဦးနှင့် (အမျိုးသမီး) လေးဦးတို့ ပါဝင်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages