တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

6


MNP - စက်တင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးဦးဆောင်၍ တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာ၊ အလိုတော်ဆန္ဒပြည့်ပေါ်တော်မူကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူများအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်းမှ ဒုရဲမှူးမျိုးခိုင်က ကျေးရွာအုပ်စုအတွင်းရှိပြည်သူများ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး အသိပညာပေးဆွေးနွေးခြင်း၊ ကာကွယ်ရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်းအောင်က ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်က ကျေးရွာအတွင်းရှိ အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရန် အသိပညာပေးခြင်းနှင့်  ကျန်းမာရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်က ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးနှင့် ကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လှုပ်ရှားမှု Mask Campaign အနေဖြင့် ပါးစပ်/ နှာခေါင်းစည်း Mask(၂၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။   


သတင်း - စန်းကလျာခိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages