ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့




MNP - စက်တင်ဘာ   ၂၂


၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အဆင့်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲမှ အောင်မြင်မှုရရှိသူများအား ဗဟိုအဆင့်သို့ စေလွှတ်ယှဉ်ပြိုင်နိုင်ရေးလာမည့် ၂၇ ရက်နေ့တွင် စခန်းသွင်း လေ့ကျင့်သွားမည် ဖြစ်ကြောင်း၊ ပြည်နယ်အဆင့် ပြိုင်ပွဲမှ အဆိုရှင် ၁၇ ဦး၊ အက ၆၀ ဦး၊ အတီး ၁၉ ဦးတို့ကို ရွေးချယ်လေ့ကျင့် နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စုဖွဲ့ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ပြိုင်ပွဲဝင်များအား စည်းလုံးနွေးထွေးစွာဖြင့် အေးချမ်းလုံခြုံ ပျော်ရွှင်စွာ လေ့ကျင့် ယှဉ်ပြိုင်နိုင်ရေး အလေးထားပံ့ပိုး ကူညီဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီများအနေဖြင့် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး ကြစေလိုကြောင်း မှာကြားသည်။


ထို့နောက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် လူရွေးချယ် ဆောင်ရွက်ခဲ့မှုများနှင့် ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဗဟိုအဆင့်ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ စခန်းသွင့်လေ့ကျင့်သွားမည့် စခန်း များတွင် နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကြီးကြပ်အုပ်ချုပ်သူများအဖြစ် လိုက်ပါဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုများ ဖြည့်ဆည်းဆောင် ရွက်သွားရမည့်ကိစ္စရပ်များ၊ စသည့်လိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးကော်မတီ ဖွဲ့စည်းပေးပြီး စခန်းသွင်း လေ့ကျင့်ခြင်းဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါကင်းဝေးရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအပေါ် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုဖိတ်ခေါ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် တင်ပြလျှောက်ထားလာသည့် လုပ်ငန်းများအပေါ် ကွင်းဆင်းစစ်ဆေးရာတွင် တည့်မတ်ပေးရန် လိုအပ်သည်များကို တည့်မတ်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ အလားတူ ထပ်မံရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမည့် နောင်တာလော ရေလယ်ကျွန်းနှင့် မြစ်ဆုံအပန်းဖြေစခန်းများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးစိစစ် ဆောင်ရွက်၍ ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာသိမ့်သိမ့်မိုးက (၆/၂၀၂၂)ကြိမ်မြောက် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျေးရွာ အုပ်စုအတွင်း နိုင်ငံတကာအရည်အသွေးမီ တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးခဲ့သည့် အစီရင်ခံစာနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဥပဒေ၊ နည်းဥပဒေ သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို ဆွေး‌နွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြေယာအသုံးချမှုနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)