ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် မိတ်ဆုံနေ့လည်စာစားပွဲနှင့် စစ်တွေတက္ကသိုလ် မိသားစုဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် မိတ်ဆုံနေ့လည်စာစားပွဲနှင့် စစ်တွေတက္ကသိုလ် မိသားစုဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်



MNP - စက်တင်ဘာ ၂၂


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသောအရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဆုံအထူးနေ့လယ်စာ စားပွဲနှင့် စစ်တွေတက္ကသိုလ်၌ (၂၇) ကြိမ်မြောက် တက္ကသိုလ်မိသားစု ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်သည်။


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဆုံအထူးနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။ နေ့လယ်စာစားပွဲတွင် ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းကာဖွံ့ဖြိုးတိုးတက်ပြီး ပြည်နယ်အတွင်း နေထိုင်ကြသည့် ရဟန်းရှင်လူပြည်သူအများတို့ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြရန် မိမိဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များမှ စွမ်းစွမ်းတမံကြိုးစား အားထုတ်လျက်ရှိကြရာမှာ မိမိတို့နှင့်အတူ နေ့မအား၊ ညမနား တာဝန်ထမ်းဆောင်ပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ မိတ်ဆုံအထူးနေ့လယ်စာစားပွဲနှင့် တည်ခင်းဧည့်ခံရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါများ ပြန်လည်ခေါင်းထောင်ဖြစ်ပွားနေပြီဖြစ်၍ ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာကြပါ၊ မိသားစုဝင်များကိုလည်း အသိပေးပြောကြားကြပါ၊ ဝန်ထမ်းများအားလုံး ကျရာတာဝန်များကို ထမ်းဆောင်ပြီး လုပ်ငန်းများအောင်မြင်ရေးအတွက် ဆက်စပ်ဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြပြီး တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင်ကြပါဟု ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိသောအရာထမ်း၊ အမှုထမ်းများနှင့်အတူ မိတ်ဆုံနေ့လယ်စာကို အတူစားသုံးခဲ့ကြသည်။


နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ စစ်တွေတက္ကသိုလ်၌ (၂၇) ကြိမ်မြောက် တက္ကသိုလ်မိသားစု ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲသို့တက်ရောက်ပြီး စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြသည်။ ဆက်လက်၍ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ် တရားများ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများက ဆရာတော်ကြီးများထံ ဝါဆို သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ စစ်တွေမြို့၊ ဝိမလဒါနဓာတ်လယ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)