နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး



MNP - စက်တင်ဘာ  ၂၁


မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့်လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန် ရုံးဖွင့်ရက်(၂၁) ရက်နေ့ မှစတင်ထုတ်ပေးလျက် ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊  မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီ အချိန်က စတင်၍ ထုတ်ပေးလျက်ရှိသည်။ ကျန်ရက်များတွင်လည်း နံနက် ၉ နာရီမှ ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။


ပင်စင်လစာငွေများ  မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်  ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊  ပင်းတယမြို့နယ်ရှိ မြန်မာ့စီးပွားရေး ဘဏ်တွင် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလူဦးရေ စုစုပေါင်း (၆၉၆)ဦးရှိကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူသူများ ငွေထုတ်ယူရာတွင်အဆင်ပြေ ချောမွေ့စေရေးဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


သတင်း -အောင်ကိုဦး  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)