ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်မှုကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်မှုကွင်းဆင်းကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ  ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးချမ်းစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့(တာဝန်ခံ) အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်တို့ ကြီးကြပ်၍ ကျောက်ချောလမ်းခင်းရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေးပြည့်မီရေး စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောက်ချောလမ်းခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းလုပ်ငန်း (၁၄)ခုအား ငွေကျပ်(၁၆၈)သန်းဖြင့် လျာထားခဲ့ပြီး ဆောင်ရွက်ခဲ့ရာ ရွှေတောင်စု(၆)လမ်းနှင့် ရွှေတောင်စု(၇)လမ်းတို့တွင် အလျား(၈၀၀)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၇)ပေစီရှိ ကျောက်ချောလမ်းကို ငွေကျပ်(၂၂.၆၆)သန်းဖြင့် ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းကို အမြန်ဆုံးပြီးစီးရေး ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)