ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ဆန်၊ ဆီရောင်းချပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ဆန်၊ ဆီရောင်းချပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ များမှ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီများ ရောင်းချ ပေးခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က ကျုံကျိုက်ကျေးရွာ အောင်ဇမ္ဗူ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ယခုကဲ့သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များနှင့် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦးတို့က ကျေးရွာလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ များက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေပြည်သူများအား ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးနေမှု များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော ပြည်သူများက ကျေးရွာ အလိုက်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများအား တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးပြောကြား ကြသည်။

ထို့နောက် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များ အသင်းတို့မှ သက်သာသော ဈေးနှုန်းဖြင့် အချွန်ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၅၀၀)ကျပ် နှုန်းဖြင့် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူများက တာဝန်ခံ ရောင်းချပေးကြပြီး ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက အိမ်ထောင်စု ဇယားများ ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)