မိမိတို့၏ ဘောလုံးစွမ်းဆောင်ရည်ဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြသူများဖြစ်ကြစေလို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိမိတို့၏ ဘောလုံးစွမ်းဆောင်ရည်ဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြသူများဖြစ်ကြစေလို

 


MNP - စက်တင်ဘာ   ၈


၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၆)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို  စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ဘောလုံးပြိုင်ပွဲမှ ထူးချွန်အားကစားသမားများကို ကရင်ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်စခန်းသွင်းလေ့ကျင့်စေပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့ထိ နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခံရသောအားကစားသမားများအနေဖြင့်လည်း မိမိတို့၏ဘောလုံးစွမ်းဆောင်ရည်ဖြင့် ကရင် ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်ကြသူများ ဖြစ်ကြစေလိုကြောင်း၊ အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့အသင်းအနိုင်ရရှိအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစားပေးသွားကြရန် တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။


အဆိုပါပြိုင်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်ဘောလုံးအသင်း(၇)သင်း အားကစားသမား ၁၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စက်တင်ဘာလ ၇ ရက်နေ့မှ ၁၆ ရက်နေ့ထိ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနားတွင်ကူညီအားဖြည့်ပေးပါသော အထက(၄)ကျောင်း ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံမြို့နယ် ဘောလုံးအသင်းနှင့် သံတောင်ကြီးမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှု အား ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်ဘောလုံးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)