မင်းလှမြို့မဈေးကြီးအတွင်းဈေး ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့မဈေးကြီးအတွင်းဈေး ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP - စက်တင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာမြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။


မင်းလှမြို့မဈေးအတွင်း ဈေးရောင်းချသူများအား  အပတ်စဉ်ကြာသာပတေးနေ့နှင့် သောကြာနေ့များတွင် နံနက် ၈ နာရီမှ ၁၁ နာရီထိ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့ချိန်ထိစုစုပေါင်း (၁၂၆)ဦးအား ထိုးနှံပေးနိုင်ခဲ့သည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များပူးပေါင်း၍  ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီးသူများကို စတုတ္တအကြိမ်ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းတို့ဆောင်ရွက်ပေးလျက်ရှိသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)