သူငယ့်ချောင်ကျေးရွာအုပ်စုတွင် တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူငယ့်ချောင်ကျေးရွာအုပ်စုတွင် တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံ

 



MNP - စက်တင်ဘာ   ၆


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက သူငယ့်ချောင်ကျေးရွာအုပ်စု၊ မင်းလွင်ကုန်းကျေးရွာတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။      ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန်လာရောက်သည့်ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက်ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)