လှိုင်သာယာ(‌အ‌ရှေ့ပိုင်း)မြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(‌အ‌ရှေ့ပိုင်း)မြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်



MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ်အိုမီခရွန် တားဆီးကာကွယ်ရေးအတွက် ပိုးသတ်‌ဆေးဖျန်းခြင်း လုပ်ငန်းများကို  ယမန်နေ့နံနက်(၉)နာရီက လူစည်ကားရာ‌ နေရာများဖြစ်သော လမ်းမများ၊ မီးပွိုင့်များတွင် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးအတွက် ပြည်သူများနေအိမ်မှ ပြင်ပသို့  ထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန် လူစည်ကားရာနေရာများဖြစ်သော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ညောင်တုန်းလမ်း၊ ရန်ကုန်-ပုသိမ်လမ်းလမ်းမကြီး တစ်လျှောက်နှင့် ကားမှတ်တိုင်များ၊ လူစည်ကားရာ မီးပွိုင့်များတွင်‌‌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရန်အတွက်‌ ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် (၂)စီးတို့နှင့်အတူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးစိုးသူနှင့် အဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)