ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်



MNP - စက်တင်ဘာ  ၉


၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင် ကြမည့် ပြည်နယ်လက်ရွေးစင် စားပွဲတင် တင်းနစ်အသင်းအား ပြည်နယ် အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြည်နယ်လက်ရွေးစင် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်စားပွဲတင် တင်းနစ်အသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် အစဉ်တစ်စိုက် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ကြမည့် အုပ်ချုပ်သူ နည်းပြများနှင့် ကစားသမားအနေဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရေး အားပေးမှာကြား သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်း အုပ်ချုပ်သူနည်းပြများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြရာ ယှဉ်ပြိုင်ပြီးစီးခဲ့သည့် အားကစားနည်း (၁၁)မျိုးတွင် ပြည်နယ်ကိုယ်စားပြု အမျိုးသမီး ဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီးဘောလီဘော အသင်းတို့က တံခွန်စိုက် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ် လက်ရွေးစင်ဂျူဒို အသင်းအနေဖြင့် အမျိုးသား/ အမျိုးသမီးနှင့် စုပေါင်းတံခွန်စိုက်ဆု ဖလား (၃)ခုစလုံးကို လည်းကောင်း ဆွတ်ခူး ရရှိထားပြီး အားကစားနည်းများအလိုက် စုစုပေါင်း ရွှေ ၁၅ ခု၊ ငွေ ၁၃ ခု၊ ကြေး ၈ ခုရရှိထားကြောင်း ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)